နင့် က နဲ ကို နေ တာ ပဲ
ကျုပ် သမီး သူ့သူငယ်ချင်းနဲ့အတူ ခြံထဲကားမောင်းဝင်လာတာကိုကျုပ်အိမ်ဝရန်တာကနေရပ်ကြည့်နေမိတယ်။ သမီးပြောခဲ့ဘူးတာကတော့ သူ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ဒီကောင်မလေးက သူ့အိမ်ကနယ်မှာတဲ့၊ ပြီးခဲ့တဲ့၂လ ၃လလောက်တုန်းက၊ သူ့မိဘနှစ်ယောက်လုံးကား မတော်တဆမှုဖြစ်ပြီးဆုံးပါးသွားကြတယ်တဲ့၊ တခြားမှီခိုစရာဆွေမျိုးသားချင်းရင်းချာကလဲမရှိဘူးတဲ့၊ ဒါကြောင့်သူနဲ့ အတော်လေရင်းနှီးတဲ့သူငယ်ချင်းဖြစ်သူကျုပ်သမီးဆီမှာ ခဏအတူခိုလှုံနေထိုင်ခွင့်တောင်းတယ်။ လောလောဆယ်သူ့ခမြာမှာလဲ ငွေကြေးကမလုံလောက်ရှာတော့ အဆောင်လေး အခန်းလေးငှားနေဖို့တောင်မတတ်နိုင်ရှာဘူး။ အလုပ်တစ်ဘက်နဲ့ကျောင်းတက်နိုင်ဖို့…
